Hansel & Gretel Get Baked (2013) - မြန်မာစာတန်းထိုး



Hansel & Gretel Get Baked (2013) - မြန်မာစာတန်းထိုး

Rating: 4.3
1h 26min | Comedy, Horror | 19 February 2013 (USA)
Director: Duane Journey
Writer: David Tillman
Stars: Molly C. Quinn, Michael Welch, Lara Flynn Boyle

Rating နည်းတယ်ဆိုပေမယ့် Comedy, Horror ဆိုပြီး ထွက်တာက ခက်ရှားရှားပါ။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ဒီကားလေးဟာ ဆေးခြောက်၊ ဟာသနဲ့ ရက်စက်မှုတွေကို တပြိုင်တည်း တင်ဆက်ပေးနိုင်ခဲ့တဲ့အတွက် လူငယ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ - Ashton နဲ့ သူ့ချစ်သူ Gretel တို့ဟာ Manny အကူအညီနဲ့ ရလာတဲ့ Black Forest လို့ခေါ်တဲ့ ဆေးခြောက်တွေနဲ့ ပျော်မွေ့နေတဲ့ အချိန်။ တစ်နေ့ Gretel ရဲ့ အစ်ကိုဖြစ်သူ Hansel က အိမ်ကို ရောက်လာချိန်မှာ Black Forest ဆေးခြောက်တွေကို တိုက်ရိုက်ဝယ်နိုင်ဖို့ Agnes လို့ခေါ်တဲ့ မိန်းမကြီးရှိတဲ့ Pasadena ကို သွားဖို့ ဆုံးဖြတ်ခဲ့ကြပါ။ ကံဆိုးစွာနဲ့ပဲ ဆေးခြောက်ထုတ်လုပ်သူ Agnes ဟာ လူသားစား စုန်းမကြီးဆိုတာကို သူတို့ နည်းနည်းလေးမှ မရိပ်မိခဲ့ကြပါဘူး။ လူသားစား Agnes ဟာ Ashton ကို ဖမ်းမိသွားချိန်မှာတော့ ရက်ရက်စက်စက် စတင်သတ်ဖျက်စားသောက်ပါတော့တယ်။ နောက်ပိုင်းမှာရော ဘယ်သူတွေကို မိသွားမလည်း Gretel က သူ့ကောင်လေး Ashton ကို လူသားစား မိန်းမကြီး ဖမ်းထားမှန်းသိသွားရင်ရော ဘယ်လိုတွေ ဆက်ဖြစ်လာမလည်းဆိုတာကလည်း စိတ်ဝင်စားစရာပါ။ တစ်နေ့ Gretel နဲ့ Manny ရဲ့ ကောင်မလေးအလှည့် ကျရောက်လာချိန်မှာတော့... သတ်ဖြတ်မှုတွေ နည်းနည်းကြမ်းပြီး ဆေးခြောက်အခန်းတွေ အများအပြားပါတဲ့အတွက် အရမ်းငယ်သေးတဲ့ ကလေးငယ်တွေနဲ့ အတူ မကြည့်သင့်ပါလို့ ကြိုပြောထားပါရစေ...

--- ယူတတ်မယ်ဆို သင်ခန်းစာ ရစရာလေးတွေနဲ့မို့ လူငယ်တွေ အတုမမှားစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ် ---


File Size >>> 818MB
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

 
Copyright © 2017. Drama, Movies and Series Bluefoxsubmovies - All Rights Reserved
Template Created by ThemeXpose