Recent Videos

Kong: Skull Island (2017) - မြန်မာစာတန်းထိုး



Kong: Skull Island (2017) - မြန်မာစာတန်းထိုး

Rating: 7.1
PG-13 | 1h 58min | Action, Adventure, Fantasy | 10 March 2017 (USA)
Director: Jordan Vogt-Roberts
Writers: Dan Gilroy (screenplay), Max Borenstein (screenplay) | 2 more credits »
Stars: Tom Hiddleston, Samuel L. Jackson, Brie Larson | See full cast & crew »

၂၀၁၇ ခုနှစ် လက်ရှိမှာ ရုံတင်နေတုန်းဖြစ်တဲ့ ကင်းကောင်ဇာတ်ကားသစ်လေးပါ... ပထမရုံတင်ပြီး တစ်ပတ်ဝင်ငွေ ဒေါ်လာ ၆၁ သန်းကျော်ရရှိထားတဲ့ ကားပါ... ဇာတ်လမ်းသဘောတရားလေးကတော့ သိပ္ပံပညာရှင်၊ စစ်သားတွေနဲ့ စွန့်စားခရီးသည်တို့ရဲ့ ပစိဖိတ်ကျွန်းပေါ်က အန္တရာယ်တွေ တွေ့ကြုံရပုံကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ... လှပပြီး အန္တရာယ်ကြီးမားတဲ့ ဒီကျွန်းကြီးပေါ်မှာ ကျင်လည်နေထိုင်ကြတဲ့ ကြီးမားလှတဲ့ မျောက်ဝံကြီးနဲ့ အခြားထူးစမ်းတဲ့ သတ္တ၀ါတွေနဲ့ လူတို့ကြားက တိုက်ပွဲတွေကို Animation ကောင်းကောင်းတွေနဲ့ သဲထိတ်ရင်ဖိုစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းပါ... ကွာလတီက အကြည်မဟုတ်သေးဘူးဆိုတော့ အောက်က ကွာလတီနမူနာကို ကြည့်ပြီး စိတ်ကျေနပ်မှ ဒေါင်းကြည့်ကြပါလို့ ကြိုတင်ပြောထားပါရစေ...

- Sample Quality -



File Size >>> 651MB

Constantine (2005) - မြန်မာစာတန်းထိုး



Constantine (2005) - မြန်မာစာတန်းထိုး

Rating - 6.9
R | 2h 1min | Drama, Fantasy, Horror | 18 February 2005 (USA)
Director: Francis Lawrence
Writers: Jamie Delano (comic book "Hellblazer"), Garth Ennis (comic book "Hellblazer") | 3 more credits »
Stars: Keanu Reeves, Rachel Weisz, Djimon Hounsou |See full cast & crew »

မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick Chapter 2 ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခုနှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ်။

IMDb Rating မှာလည်း 6.9 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကို အမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ် မကောင်းဆိုးဝါးတွေ ကြားထဲမှာပဲသူ့ဘ၀ကိုရှင်သန်ပြီး.. သူလုပ်ခဲ့တဲ့အရာတွေကြောင့် သူသေရင်ငရဲကိုသာသွားရလိမ့်မယ်ဆိုတာကိုသူကိုယ်တိုင်လည်းသိပါတယ်... ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်း နီးကပ်နေပါပြီ.. ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်.. စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်.. သူ့ရဲ့ဝိဥာဉ်ဟာ ငရဲနဲ့ပဲ သက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား.. စိတ်အနှောက်အယှက်ပေးနေကြပါတယ်.
တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ညီမဖြစ်သူကို မကောင်းဆိုးဝါးနတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန်နဲ့ နတ်ဆိုးတွေအပြင် နတ်ဆိုးဘုရင် လူစီဖာနဲ့ပါ ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ.. ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ...

Matrix တို့ John Wick 1, 2 တို့လို ကားမျိုးတွေကို ကြိုက်လို့ဖြစ်စေ... မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ဖြစ်စေ လုံးဝကို လက်မလွတ်သင့်တဲ့ ဇာတ်ကားမို့ ပြန်တင်ပေးလိုက်တာပါ... ကြည့်ပြီးသူတွေလည်း ၂၀၀၅ ခုနှစ်ကတည်းလောက်ကဆိုတော့ John Wick 2 ကြည့်ပြီး နောက်ပိုင်း ပြန်လည်ခံစားလို့ရတာပေါ့ဗျာ...


File Size >>> 868MB

Review >>> Credit

Kung Fu Yoga (2017) - မြန်မာစာတန်းထိုး



Kung Fu Yoga (2017) - မြန်မာစာတန်းထိုး

Rating: 5.6
1h 47min | Action, Adventure, Comedy | 28 January 2017 (China)
Director: Stanley Tong
Writer: Stanley Tong
Stars: Jackie Chan, Disha Patani, Amyra Dastur | See full cast & crew »

ဂျက်ကီချန်း နောက်ဆုံးထွက်ရုပ်ရှင် ရုပ်ရော အသံရော အကြည်ထွက်ပါပြီ။ ဒီဇာတ်ကားမှာတော့ တရုတ် နဲ့ အိန္ဒိယသရုပ်ဆောင်တွေ ပူးပေါင်းတင်ဆက်ထားကြပြီး ဟာသ အက်ရှင် အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တရုတ်ပြည်ရဲ့ ကျောက်စာပညာရှင် ဂျက်ကီနဲ့ တပည့်တွေဆီကို အိန္ဒိယပြည်မှ ပါမောက္ခချောချောလေး တစ်ယောက်ရောက်လာပြီး တန်မင်းဆက်ခေတ် ပျောက်ဆုံးနေတဲ့ မာဂဒတိုင်းရတနာတွေကို ရှာဖို့အကူအညီလာတောင်းရာကနေ နယ်စပ်၊ ဒူဘိုင်း နဲ့ အိန္ဒိယတွေမှာ စွန့်စားခန်းတွေ ဖွင့်ကြပုံပါပဲ။ တရုတ်ကွန်ဖူးနဲ့ အိန္ဒိယယောဂနည်းစနစ်တွေကို ပေါင်းစပ်ပြသသွားတာကို တွေ့ရပါလိမ့်မယ်။


File Size >>> 845MB

Review >>> Credit

The Magicians (Season 1 Complete) - မြန်မာစာတန်းထိုး



The Magicians (Season 1 Complete) - မြန်မာစာတန်းထိုး

Rating: 7.5
TV-14 | 1h | Drama, Fantasy, Horror | TV Series (2015– )
Stars: Jason Ralph, Stella Maeve, Arjun Gupta | See full cast & crew »

Storyline
After being recruited to a secretive academy, a group of students discover that the magic they read about as children is very real and more dangerous than they ever imagined. But will getting hooked on the thrill of magic distract them from honing their powers when they need them most?

Season 1 (Download with 720p)

Corpse Bride (2005) - မြန်မာစာတန်းထိုး



Corpse Bride (2005) - မြန်မာစာတန်းထိုး

Rating: 7.4
PG | 1h 17min | Animation, Drama, Family | 23 September 2005 (USA)
Directors: Tim Burton, Mike Johnson
Writers: Tim Burton (characters), Carlos Grangel (characters) | 3 more credits »
Stars: Johnny Depp, Helena Bonham Carter, Emily WatsonSee full cast & crew »

ဒီနေ့အတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating 7.4 ရရှိထားပြီး မြူးကြွတဲ့တေးသီချင်းလေးများ... Romance ဆန်တဲ့ပြကွက်လေးများနဲ့... အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSEBRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian village လို့ခေါ်တဲ့၇ွာလေးတစ်ရွာမှာ ဆွေစဉ်မျိုးဆက်ချမ်းသာလာပြီးအထည်ကြီးပျက်ဘ၀ကိုေ၇ာက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု... ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအ၀ိုင်းကမဟုတ်တဲ့ ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victa တို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်... ဒါပေမဲ့မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး... တစ်ခါမှမမြင်ဖူးတဲ့သူကို လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ.... Victa တစ်ယောက် လက်ထပ်ပွဲ Rehersal မှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီးလက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို သေချာလုပ်ဆောင်နိုင်မှ မင်္ဂလာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်…. အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာ တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ... Victa တစ်ယောက် Amali နဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့ Victoria တစ်ယောက်... Victa ပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး... Victoria မိသားစုရဲ့ စည်းစိမ်တွေကိုလိုချင်နေတဲ့ သူကလည်းအခွင့်အရေးကို စောင့်မျှော်နေပါတယ်... အဲ့လိုအရန်သင့်စောင့်နေတဲ့ သူရဲ့ချစ်သူကတော့ Victa ဘုမသိဘမသိလက်ထပ်လိုက်ရတဲ့ သေရွာက မင်းသမီးလေး Amali ပါ... အဲ့ဒီသူဟာ Amali ကို လက်ထပ်မယ်လို့ပြောပြီး သူ့မှာပါလာတဲ့စည်းစိမ်တွေယူကာ ၀က်သစ်ချပင်ရင်းအောက်မှာစောင့်ခိုင်းခဲ့ရာကနေ အမ်မလီတစ်ယောက်သေဆုံးသွားခဲ့ရပါတယ်... အချစ်ရဲ့စွန့်ပစ်ခြင်းကို ခံရရှာပြီး အချစ်ငတ်နေတဲ့ Amali လေး Victa နဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား...? Victa ကကော Amali ကိုပြန်ချစ်နိုင်ပါ့မလား... ဒါမှမဟုတ် လူ့ဘ၀က သူချစ်ခဲ့တဲ့ ချစ်သူလေး Victoria ဆီကိုပြန်လာနိုင်အောင်ကြိုးစားမှာလား...? Victoria ကကော သူ့မိဘစည်းစိမ်ချမ်းသာကိုမက်ပြီး သူ့ကို အတင်းလက်ထပ်ချင်နေတဲ့ သူနဲ့ လက်ထပ်လိုက်ရတော့မှာလား...? စတဲ့ စိတ်ဝင်စားစရာ လေးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ရအောင်စို့လားခင်ဗျာ...


File Size >>> 585MB

Review >>> Credit

Monster Trucks (2016) - မြန်မာစာတန်းထိုး



Monster Trucks (2016) - မြန်မာစာတန်းထိုး

Rating: 5.5
PG | 1h 45min | Animation, Action, Adventure | 13 January 2017 (USA)
Director: Chris Wedge
Writers: Derek Connolly (screenplay), Matthew Robinson (story by) | 2 more credits »
Stars: Lucas Till, Jane Levy, Thomas Lennon | See full cast & crew »

မွန်းစတားလေးတွေနဲ့ စွန့်စားခန့်ဖွင့်တဲ့ စိတ်ကူးယဉ်ကားတွေကို နှစ်သက်ပါသလား။ ဒါဆိုရင် ဒီကားဟာ သင်တို့အတွက်ပါ။ ဇာတ်လမ်းအကျဉ်းမှာတော့ ရေနံကုမ္မဏီကြီးတစ်ခုဟာ ရေနံတူးရင်းနဲ့ မြေအောက်နက်တစ်နေရာက ရှေးဦးကုန်းနေရေနေသတ္တ၀ါဆန်းတွေ နေတဲ့နေရာကို တူးမိသွားပြီး အကောင်ဆန်းအချို့ မြေပေါ်ကို လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် ရေနံတူးခွင့်ပိတ်သွားပြီ စီးပွားရေးထိခိုက်မခံနိုင်တာကြောင့် မြေအောက်က သက်ရှိတွေရှိတဲ့အကြောင်းကို ဘယ်သူမှမသိနိုင်အောင် အဲဒီ သတ္တ၀ါဆန်းကြီးတွေကို နှုတ်ပိတ်ရှင်းလင်းဖို့ကြိုးစားပါတော့တယ်။ လွတ်သားတဲ့ အကောင်လေးဟာ ကားဝါသနာအိုး ထရစ် နဲ့တွေ့ပြီး မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ ထရစ်ရဲ့ ကားအစုတ်ဟာလည်း သတ္တ၀ါလေးရဲ့ ထူးဆန်းတဲ့အစွမ်းကြောင့် ဘယ်ကားနဲ့မှ မတူတဲ့ ကားတစ်စီးဖြစ်လာခဲ့ပြီး သူတို့တွေ ပူးပေါင်းပြီး ရေနံကုမ္မဏီကဖမ်းထားတဲ့ အကောင်တွေကို ကယ်ဖို့နဲ့ သူတို့အားလုံး အိမ်ကိုပြန်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။


File Size >>> 876MB

Review >>> Credit

John Wick: Chapter 2 (2017) - မြန်မာစာတန်းထိုး



John Wick: Chapter 2 (2017) - မြန်မာစာတန်းထိုး

Rating: 8.1
R | 2h 2min | Action, Crime, Thriller | 10 February 2017 (USA)
Director: Chad Stahelski
Writers: Derek Kolstad, Derek Kolstad (based on characters created by)
Stars: Keanu Reeves, Riccardo Scamarcio, Ian McShane | See full cast & crew »

 အားလုံး​စောင့်​​မျှော်​​နေကြတဲ့ ​ဖေ​ဖော်​၀ါရီလ ၁၀ရက်​​နေ့ ၂၀၁၇ ခုနှစ်​မှာ စတင်​ရုံးတင်​ပြသခဲ့တဲ့ John wick - Chapter 2 ဇာတ်​ကား​လေးကို မြန်​မာစာတန်းထိုးဖြင့်​ ဒီတစ်​ပတ်​ရုံးပိတ်​ရက်​​ဖြစ်​တဲ့ စ​နေ၊ တနင်္ဂ​နွေမှာ Bluefoxmovies မှ ရုပ်ရှင်ချစ်​​​ပရိသတ်​များ ကြည့်​ရှု အပန်း​ဖြေနိုင်​ဖို့အတွက်​ ရုံကွာလတီထက်​ သာလွန်​တဲ့ (HDTS) နဲ့ တင်​​ပေးသွားမှာပါ။

ဒီကား​လေးကို မကြည့်​ရူခင်​မှာ ဒီဇာတ်​ကား​လေးရဲ့ သိသင့်​တယ်​ထင်​တဲ့အ​ကြောင်းအရာ​လေး​တွေကို ​ပြောပြ​ပေးသွားပါမယ်​။ ဗဟုသုတလည်းရ ကြည့်​ရှုရတာလည်း ဇာတ်​ရှိန်​ပိုတတ်​တာ​ပေါ့။

--- John Wick - Chapter 2 ထူးခြားချက်​များ ---
- ဒီကားမှာ အဓိကဇာတ်​လိုက်​ဖြစ်​တဲ့ John Wick ​နေရာမှာ သရုပ်​​ဆောင်​တဲ့ Keanu Reeves မင်းသားဟာ John Wick ကားတိုက်​ခံရတဲ့ အခန်းကလွဲပြီး ကျန်​စတန့်​ပြကွက်​ ၉၅ ရာခိုင်​နှုန်းလုံးကို သူကိုယ်​တိုင်​လူစားမထိုးပဲ သရုပ်​​ဆောင်​ခဲ့တာပါ။ ဆိုလိုတာက ဒီကားမှာ Keanu Reeves ရဲ့ ကြိုးစားအားထုတ်​မှု​တွေကို တ၀ကြီးကြည့်​ရှုရအုန်းမှာပါ။
- ဒီဇာတ်​ကားကို ရိုက်​ကူးခဲ့တဲ့ ဒါရိုက်​တာ Chad Stahelski ဟာ 300, Matrix Trilogy, Hunger Games အစရှိတဲ့ ကမ္ဘာ​ကျော်​ ရုပ်​ရှင်​ဇာတ်​ကား​တွေမှာ Stunt မင်းသားအဖြစ်​ပါဝင်​ရိုက်ကူး​ခဲ့သူတစ်​ဦးလည်းဖြစ်​ပါတယ်​။
- ဇာတ်​လိုက်​မင်းသား Keanu Reeves ဟာ ဒီကားကို သဘာဝကျကျရိုက်​ကူးနိုင်​ဖို့အတွက်​ အချိန်​ ၃ လတိတိယူပြီး ဂျူဒို၊ ဂျူဂျက်​ဆု၊ ​သေနတ်​ပစ်​ နှင့်​ ကား​မောင်းကျွမ်းကျင်​ခြင်းတို့ကို ​လေ့လာသင်​ယူခဲ့ရပါတယ်​။
- ဒီဇာတ်​ကားကို ၂၀၁၄ ခုနှစ်​မှာ ရိုက်​ကူးခဲ့တဲ့ John Wick 1 အပြီး ​၄ ရက်​​မြောက်​တဲ့​နေ့မှာ စတင်​ရိုက်​ကူးခဲ့တာပါ။ ကြည့်​ရှုသူပရိသတ်​​တွေ ၂ နာရီစာ​လောက်​​လေး အနားယူ​စေနိုင်​ဖို့အတွက်​ နှစ်​​ပေါင်းများစွာ ကြိုးစားရိုက်​ကူးခဲ့ကြရတာပါ။ (Admin လည်း ဒီလိုပို့စ်​မျိုး​ရေးနိုင်​ဖို့အတွက်​ ၁ နာရီ​ကျော်​​လောက်​ English စာ​​လေး မ​တောက်​တစ်​​ခေါက်​နဲ့ လိုက်​ဖတ်​ထားရတာပါ )
- PC မှာ ထွက်​ရှိတဲ့ Payday 2 ဂိမ်းထဲက တစ်​ချို့အခန်း​တွေကိုလည်း ကိုးကားရိုက်​ကူးခဲ့ပါ​သေးတယ်​။
- ဒီဇာတ်​ကားထဲက မင်းသမီးဖြစ်​တဲ့ Roby Rose ဟာ Resident Evil: The Final Chapter" (December 2016) နဲ့ "xXx: The Return of Xander Cage" (January 2017) ဇာတ်​ကားတို့အပြီးမှာ ဒီကား​လေးကို ရိုက်​ကူးခဲ့တာပါ။ အဲဒီဇာတ်​ကား ၂ ကားမှာ ဇာတ်​ပို့​နေရာက သရုပ်​​ဆောင်​ခဲ့ပြီး xXx ဇာတ်​ကားမှာ Sniper ကိုင်​​ဆောင်​ပြီး ဂျစ်​ကန်​ကန်​ သရုပ်​​ဆောင်​ချက်​​လေး​တွေဟာ ပီပြင်​လွန်းလို့ Admin ​ကြွေဆင်းခဲ့ရတဲ့ သူ​လေးဆိုလည်း မမှားပါဘူး
- ဒီကားထဲက ရှရှား မာဖီးယား ညီအစ်​ကို ၂ ​ယောက်​ဖြစ်​တဲ့ Viggo Tarasov (Michael Nyqvist) နဲ့ Abram Tarasov (Peter Stormare) တို့ဟာ တကယ်​တမ်း အပြင်​လက်​​တွေ့ဘ၀မှာ ဆွိဒင်​နိုင်​ငံသားများဖြစ်​ပါတယ်​။

ဒီ​လောက်​ဆိုရင်​​တော့ ဒီဇာတ်​ကား​လေးရဲ့ အဓိကအထူးခြား​ချက်​​လေး​တွေ သိသင့်​သ​လောက်​ သိပြီး​နေပြီလို့ ​မျှော်​လင့်​ပါတယ်​။ Admin လည်း တစ်​ခြားဇာတ်​ကား​လေး​တွေ ဆက်​လုပ်​ရအုန်းမှာမို့ ဒီ​လောက်​​နဲ့ပဲ ​ကျေနပ်​​ပေးကြပါ ခင်​ဗျာ။

သ​ဘောကြနှစ်​သက်​တယ်​ဆိုရင်​ Like နဲ့ Share လုပ်​​ပေးသွားရင်​ အရမ်းကို ၀မ်းသာပီတိဖြစ်​မိမှာပါ။ (Admin အချိန်​​ပေးရကြိုးနပ်​ပါပြီ ဗျာ) မသိ​သေးတဲ့ သူငယ်​ချင်း​တွေလည်း ဖတ်​ရတာ​ပေါ့ဗျာ။ ဇာတ်​ကား​လေးပို့စ်​တင်​ပြီးရင်​လည်း အား​ပေးကြပါအုန်း။

အမှားပါသွားခဲ့ရင်​လည်း ခွင့်​လွတ်​နားလည်​​ပေးကြမယ်​လို့ ​မျှော်​လင့်​ပါတယ်​။
ဆက်​လက်​ကြိုးစားပါအုန်းမည်​...


File Size >>> 986MB

Split (2017) 720p - မြန်မာစာတန်းထိုး



Split (2017) 720p - မြန်မာစာတန်းထိုး

Rating: 7.4
PG-13 | 1h 57min | HorrorThriller | 20 January 2017 (USA)
Director: M. Night Shyamalan
Writer: M. Night Shyamalan
Stars: James McAvoyAnya Taylor-JoyHaley Lu Richardson | See full cast & crew »

X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ horror thriller အမျိုးအစားလို့ဆိုရအောင် ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ အထူးပြုလုပ်ချက်တွေမပါပဲ သရုပ်ဆောင်စွမ်းရည်ကောင်းကောင်းနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းဇာတ်သွားနဲ့အတူ thriller ဇာတ်ကားအသစ်ကိုကြည့်ရှုရင်ခုန်ချင်တယ်ဆိုရင်တော့ split ရုပ်ရှင်ကားကိုရွေးချယ်လိုက်ပါ။


File Size >>> 944MB

Review >>> Credit

Rogue One - A Star Wars Story (2016) 1080p - မြန်မာစာတန်းထိုး



Rogue One - A Star Wars Story (2016) 1080p - မြန်မာစာတန်းထိုး

Rating: 8.0
PG-13 | 2h 13min | Action, Adventure, Sci-Fi | 16 December 2016 (USA)
Director: Gareth Edwards
Writers: Chris Weitz (screenplay), Tony Gilroy (screenplay) | 3 more credits »
Stars: Felicity Jones, Diego Luna, Alan Tudyk | See full cast & crew »

Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြ၀ဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ Jedi နဲ့ လွှတ်တော်တွေရဲ့ ရန်သူတော်တွေပါ။ Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို့ အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။(ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတို့ရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ)


File Size >>> 1.1GB

Review >>> Credit

The Prince And Me (2004) - မြန်မာစာတန်းထိုး



The Prince And Me (2004) - မြန်မာစာတန်းထိုး

Rating: 5.9
PG | 1h 51min | Comedy, Family, Romance | 2 April 2004 (USA)
Director: Martha Coolidge
Writers: Mark Amin (story), Katherine Fugate (story) |3 more credits »
Stars: Julia Stiles, Luke Mably, Miranda Richardson |See full cast & crew »

သာမန်ကောင်မလေးတစ်ယောက်နဲ့ တော်ဝင်မင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးထဲက အခက်အခဲတွေ၊ ဟာသလေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။

Storyline
At the University of Wisconsin in Madison, Paige, a pre-med student and a farm girl from Manitowoc, meets Eddie, a fellow student from Denmark, whom she first dislikes but later accepts, likes, and loves. Paige takes Eddie to her home for the Thanksgiving weekend. Paparazzi find and photograph the couple, and Paige learns that Eddie is truly Crown Prince Edvard. Failing health causes King Haraald to abdicate in favor of Edvard, so Eddie returns to Copenhagen, then Paige follows her heart to Copenhagen, where Edvard warmly welcomes her, takes her to the castle, and introduces her to the royal family. Queen Rosalind first expresses opposition to Paige but later relents; King Haraald soon warms to her; Edvard proposes, Paige accepts, and he gives her a ring. However, Paige recalls her previous dream of going to Doctors Without Borders, so she breaks off and returns to school. Still, though, Edvard shows up at Paige's graduation and suggests an alternate plan.


File Size >>> 816MB

Subtitle By BlueFoxMovies

Resident Evil - The Final Chapter (2016) 1080p - မြန်မာစာတန်းထိုး



Resident Evil - The Final Chapter (2016) 1080p - မြန်မာစာတန်းထိုး

Rating: 6.0
R | 1h 46min | Action, Horror, Sci-Fi | 27 January 2017 (USA)
Director: Paul W.S. Anderson
Writer: Paul W.S. Anderson
Stars: Milla Jovovich, Iain Glen, Ali Larter

The Final Chapter အစမှာတော့ အဲလစ်ကို RedQueen ကနေ သတင်းတစ်ခုပေးလာပါပြီ။ အဲဒီသတင်းကတော့ အမ်ဘရဲလားကော်ပိုရေးရှင်းမှာ တီဗိုင်းရပ်စ်ကို သတ်နိုင်မယ့် ဖြေဆေးကို ဖော်နိုင်သွားပြီဆိုတာပါပဲ။ အဲဒီအချိန်မှာ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်နဲ့ ဖုတ်ကောင်စစ်တပ်ကြီးကလည်း လိုက်လာပြီး ၂ ရက်အတွင်းမှာ လူသားတွေရဲ့ နောက်ဆုံးခံတပ်ကျဆုံးတော့ပါမယ်။ အဲလစ်ဟာ တီဗိုင်းရပ်စ်ကူးစက်ခံထားရပြီးသားမို့ အဲဒီဖြေဆေးကို ဟိုက်ဗ် ကနေ သွားယူပြီး ဖြန့်နိုင်မယ်ဆိုရင်တောင် သူကတော့ အခြား undead တွေနဲ့အတူ သေဆုံးသွားရတော့မှာပါ။ RedQueen ကရော အမ်ဘရဲလားကို ဘာလို့သစ္စာဖောက်သလဲ။ အဲလစ်ရဲ့နောက်ကြောင်းကိုရော သိလာမလား၊ သူ ဖြေဆေးကို ရမှာလား၊ အဲလစ်ရဲ့စွန့်စားခန်းတွေ ဆုံးခန်းတိုင်ပြီလား ဆိုတာ စောင့်ကြည့်ရုံပါပဲ။

Download with PCloud 1080p

File Size >>> 1.1GB

Review >>> Credit

Underworld Blood Wars (2016) 1080p - မြန်မာစာတန်းထိုး



Underworld Blood Wars (2016) 1080p - မြန်မာစာတန်းထိုး

Rating: 5.9
R | 1h 31min | Action, Horror | 6 January 2017 (USA)
Director: Anna Foerster
Writers: Cory Goodman (screenplay), Kyle Ward (story by) | 4 more credits
Stars: Kate Beckinsale, Theo James, Tobias Menzies

အရင်လပိုင်းကမှ ထပ်ရှိခဲ့တဲ့ နောက်ဆုံးကားလို့တောင်ထင်မိတဲ့ Underworld: BloodWar ဆိုတဲ့ကားလေးပါ ဒီကားလေးမှာတော့ ဆယ်လီဟာ သူ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကို ပြန်လည်လက်စားချေဖို့ကြိုးစားနေရင်း အရှေ့ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဆမ်မီယာ ရဲ့ ဖိတ်ကြားမှုကြောင့် သေမင်းတမန်တပ်သားများကို လေ့ကျင့်ပေးဖို့ အကြောင်းဖန်လာရင်း ဆမ်မီယာ ရဲ့ အကောက်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်။ ဆမ်မီယာ ကလဲ အာဏာ ပါဝါတွေ ရဖို့အတွက် မိမိ ဗန်ပိုင်းယား မျိုးနွယ်ကို စတေးပြီး လိုင်ကန် ခေါင်းဆောင်သစ် မာရီယပ် နဲ့ ဗန်ပိုင်းယား ကောင်စီကို ရန်တိုက်ပေးပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ မာရီယပ်က ဘာကြောင့်များ အစွမ်းထက်နေတာလဲ မိုက်ကယ်ကိုကော ဘယ်သူကသတ်ဖြတ်ခဲ့တာလဲဆိုတာကို ဆက်လက် ကြည့်ရှူအားပေးကြပါအုံးဗျ


File Size >>> 897MB

Review >>> Credit

Assassin's Creed 2016 HD 1080p - မြန်မာစာတန်းထိုး



Assassin's Creed 2016 HD 1080p - မြန်မာစာတန်းထိုး

Rating: 6.3
Action, Adventure, Fantasy
PG-13 | 1h 55min | 21 December 2016 (USA)
Director: Justin Kurzel
Writers: Michael Lesslie (screenplay), Adam Cooper (screenplay)
Stars: Michael Fassbender, Marion Cotillard, Jeremy Irons

အားလုံးမျှော်နေကြတဲ့ ဂိမ်းမာတွေရဲ့ အသည်းဆွဲ AC ထွက်လာပါပြီ။ Knights of Templar အဖွဲ့က ဧဒင်ပန်းသီးဟာ လူသားအားလုံးရဲ့ စိတ်နေစိတ်ထားကို လိုသလိုပုံသွင်းနိုင်မယ်လို့ ယုံကြည်ထားပြီး အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ Assassin's Creed တို့ရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြားထဲကို ကျွန်တော်တို့ရဲ့ မင်းသားကြီးက အတိတ်ကို ပြန်သွားပြီး ဧဒင်ပန်းသီးကို ရယူဖို့ ကြိုးစားပုံတွေကို ကြည့်ရှုရမှာပါ။ HD 1080p နဲ့ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ဖို့ လင့်ပြန်ပြောင်းပေးထားပါတယ် ခင်ဗျာ...


File Size >>> 1GB

The Great Wall (2016) HD 1080p - မြန်​မာစာတန်းထိုး



The Great Wall (2016) HD 1080p - မြန်မာစာတန်းထိုး

Rating - 6.3/10
PG - 13
Genres: Action | Adventure | Fantasy | Thriller
Release Date: 17 February 2017 (USA)
Director: Yimou Zhang (as Zhang Yimou)
Writers: Max Brooks (story by), Edward Zwick (story by) | 4 more
Stars: Matt Damon, Tian Jing, Pedro Pascal | more

ယူရိုပီရန်လူမျိုးကြေးစားတွေရဲ့ Black Powder ရှာပုံတော်ကနေ တရုတ်မဟာတံတိုင်းကြီးကို ကြောက်မက် ပြီး ထူးစမ်းတဲ့ မကောင်းဆိုးဝါးသတ္တ၀ါတွေရန်က ကာကွယ်ဖို့အတွက် ပါဝင်ဖြစ်သွားပုံကို အဆင့်မြင့်မြင့်ရိုက်ချက်တွေနဲ့ ကောင်းမွန်လှတဲ့ Animation တွေကိုလည်း တစ်ဝကြီးကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်... အဓိက ဇာတ်လိုက်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matt Damon ဟာဆိုရင်လည်း  Good Will Hunting (1997), Saving Private Ryan (1998), The Talented Mr. Ripley (1999), Gerry (2002), Spirit: Stallion of the Cimarron (2002), The Bourne Identity (2002), and The Bourne Supremacy (2004), The Brothers Grimm (2005), The Bourne Ultimatum (2007) and Jason Bourne (2016) အစရှိတဲ့ များစွာသော နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့ သူတစ်ယောက်ဖြစ်တာနဲ့အညီ ဒီဇာတ်ထဲမှာလည်း ဘယ်လိုပီပီပြင်ပြင်ကြီး သရုပ်ဆောင်ပြမလဲဆိုတာက စိတ်ဝင်စားစရာပါ... HD အမှန် 1080p နဲ့ ထွက်တာမို့ မြန်မာစာတန်းထိုးအမှန်နဲ့ ပြန်တင်ပေးထားတာပါ... အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်...

Quality Sample



Quality - HD 1080p

File Size >>> 0.97GB

Subtitle >>> BlueFoxMovies

22 Jump Street (2014) - မြန်မာစာတန်းထိုး




22 Jump Street (2014) - မြန်မာစာတန်းထိုး

Rating: 7.1
R | 1h 52min | Action, Comedy, Crime | 13 June 2014 (USA)
Directors: Phil Lord, Christopher Miller
Writers: Michael Bacall (screenplay), Oren Uziel (screenplay) | 5 more credits
Stars: Channing Tatum, Jonah Hill, Ice Cube

ရဲအရာရှိ ၂ ယောက်ဖြစ်တဲ့ Schmidt နဲ့ Jenko တို့ရဲ့ ဟာသဆန်ဆန်စွန့်စားခန်းတွေနဲ့ ရယ်မောနေရမယ့် ဇာတ်ကားလေးပါ။ ဟာသကားဆိုပေမယ့်လည်း Rating 7.1 တောင် ရရှိထားခဲ့ပြီး အရင် 21 Jump Street (2005) ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး Hip Hop အဆိုတော်တစ်ဦးလည်းဖြစ်၊ xXx: State of the Union (2005), xXx: Return of Xander Cage (2017), Ride Along 1-2 အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးတဲ့ Ice Cube ကလည်း ဒီကားထဲမှာ ပြန်လည်ပါဝင်လာအုန်းမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောနိုင်ကြစေဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Download with PCloud HD 1080p

File Size >>> 976MB

The Young Messiah (Christ the Lord) (2016) - မြန်မာစာတန်းထိုး



The Young Messiah (Christ the Lord) (2016) - မြန်မာစာတန်းထိုး

Rating: 5.5
PG-13 | 1h 51min | Drama | 11 March 2016 (USA)
Director: Cyrus Nowrasteh
Writers: Anne Rice (novel), Betsy Giffen Nowrasteh (screenplay)
Stars: Adam Greaves-Neal, Vincent Walsh, Sara Lazzaro

အီဂျစ်နိုင်ငံ၊ အလန်ဇန်ဒရားမှာ ကြီးပြင်းခဲ့တဲ့ အသက် ၇ နှစ်သာရှိသေးတဲ့ Jesus Bar-Joseph ရဲ့ အကြောင်းနဲ့ သူ့ရဲ့ မိဘတွေဖြစ်တဲ့ Joseph နဲ့ Mary အကြောင်းတို့ကိုပါ အခြေခံရိုက်ကူးထားတဲ့ ကားလေးပါ။ ခရစ်ယာန်ဘာသာဝင်တွေရော အခြားဘာသာဝင်တွေအတွက်ပါ ဗဟုသုတအနေဖြင့် ကြည့်သင့်တယ် ထင်လို့ တင်တာပါ။ ဒီကားလေးနဲ့ ပတ်သက်ပြီး ကြည့်ရှုသူတွေ အချို့က မှားယွင်းတဲ့ အချက်တွေ ပါဝင်နေတယ်လို့ ထောက်ပြခဲ့ကြသလို၊ တစ်ချို့ကလည်း ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ်။

Download with PCloud 480p

File Size >>> 459MB

Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး



Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး

Rating: 7.5
PG-13 | 2h 13min | Adventure, Family, Fantasy | 18 November 2016 (USA)
Director: David Yates
Writer: J.K. Rowling
Stars: Eddie Redmayne, Katherine Waterston, Alison Sudol

Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီကားကို Director David Yates က ရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။

ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။

ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။

သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။

“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။


File Size >>> 1.07GB

Review >>> Credit

Fifty Shades Darker (2017) - မြန်မာစာတန်းထိုး



Fifty Shades Darker (2017) - မြန်မာစာတန်းထိုး

Rating: 4.8
R | 1h 58min | Drama, Romance | 10 February 2017 (USA)
Director: James Foley
Writers: Niall Leonard (screenplay), E.L. James (based on the novel by)
Stars: Dakota Johnson, Jamie Dornan, Eric Johnson

တော်တော်များများလည်း တင်ပြီးသားဆိုတော့ ဇာတ်လမ်းအကျဉ်းတွေဘာတွေ ပြောမနေတော့ပါဘူး။ အဓိက က သူများတွေတင်ထားပြီးသားကို ဘာလို့ခုမှ လာတင်တာလည်း မေးရင် ဒီကားထဲက ပွင့်ပွင့်လင်းလင်းအခန်းတွေကို ပရိသတ်ကြီးဆီ အရောက်ပို့ပေးချင်လို့ပါ။ လိုဂိုဖြတ်ထားတဲ့ အရာတွေ ဆင်ဆာတွေ ဘာတစ်ခုမှ မဖြတ်ထားပဲ ဒီကားထဲမှာ ပါဝင်တဲ့ မင်းသားနဲ့ မင်းသမီးတို့ ဘယ်လိုတွေ အချစ်ခြင်းဖလှယ်ကြတယ်ဆိုတာကို အရှိကိုအရှိအတိုင်း ရှင်းရှင်းလင်းလင်းကြည့်ရှုဖို့အတွက် အောက်မှာ ဒေါင်းသွားကြပါ။ Rating နည်းလို့ဆိုပြီး ကျော်သွားရင်တော့ နောင်တရမှာနော် :D

ကလေးတွေနဲ့တော့ မကြည့်ကြပါနဲ့လို့စ်...

Download with PCloud HDRip 720p

File Size >>> 1GB

xXx: Return of Xander Cage (2017) HDRip 1080p - မြန်မာစာတန်းထိုး




xXx: Return of Xander Cage (2017) HDRip 1080p - မြန်မာစာတန်းထိုး

PG-13 | 1h 47min | Action, Adventure, Thriller | 20 January 2017 (USA)
Director: D.J. Caruso
Writers: Rich Wilkes (based on characters created by), F. Scott Frazier
Stars: Vin Diesel, Donnie Yen, Deepika Padukone

IMDb 5.5 ရထာပြီး PG 13 ရထားတဲ့အက်ရှင်ဇာတ်ကြမ်း ကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကမ္ဘာကြီးက ပြောင်းလဲနေတဲ့အချိန် အန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ် နေပြီး အမျိုးမျိုးသော လူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ Xandar Cage က Anarchy 99 ရဲ့ချိန်းခြောက်မှုကို ကယ်တင်ပြီးနောက် ၁၅ နှစ်ကြာသောအခါ Xander Cage က Augustus Gibbons နဲ့ NSA`s xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက် သူ့ကိုသူ သေဆံုးသွားပြီလို့ သတင်းလွင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။ သို့ပေမယ့် Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်စွာ ဖွဲ့စည်းထားတဲ့ လူဆိုးအဖွဲ့အစည်းတစ်ခုဟာ ဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ ပန်ဒိုရာသေတ္တာကို ခိုးယူ သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တာဝန်ထမ်းဆောင်ဖို့
Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကို စနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကို ဖွဲ့လိုက်ပါတယ်။ အဲ့သည်လိုနက် X ဦးဆောင်တဲ့ အဖွဲ့ကပဲ ပန်ဒိုရာသေတ္တာကို ပြန်လည်ယူဆောင်နိုင်မလား ဘယ်လိုတွေများဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကို
တော့ ဆက်လက်ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။


File Size >>> 1.2GB

Review >>> Credit

Hansel & Gretel Get Baked (2013) - မြန်မာစာတန်းထိုး



Hansel & Gretel Get Baked (2013) - မြန်မာစာတန်းထိုး

Rating: 4.3
1h 26min | Comedy, Horror | 19 February 2013 (USA)
Director: Duane Journey
Writer: David Tillman
Stars: Molly C. Quinn, Michael Welch, Lara Flynn Boyle

Rating နည်းတယ်ဆိုပေမယ့် Comedy, Horror ဆိုပြီး ထွက်တာက ခက်ရှားရှားပါ။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ဒီကားလေးဟာ ဆေးခြောက်၊ ဟာသနဲ့ ရက်စက်မှုတွေကို တပြိုင်တည်း တင်ဆက်ပေးနိုင်ခဲ့တဲ့အတွက် လူငယ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ - Ashton နဲ့ သူ့ချစ်သူ Gretel တို့ဟာ Manny အကူအညီနဲ့ ရလာတဲ့ Black Forest လို့ခေါ်တဲ့ ဆေးခြောက်တွေနဲ့ ပျော်မွေ့နေတဲ့ အချိန်။ တစ်နေ့ Gretel ရဲ့ အစ်ကိုဖြစ်သူ Hansel က အိမ်ကို ရောက်လာချိန်မှာ Black Forest ဆေးခြောက်တွေကို တိုက်ရိုက်ဝယ်နိုင်ဖို့ Agnes လို့ခေါ်တဲ့ မိန်းမကြီးရှိတဲ့ Pasadena ကို သွားဖို့ ဆုံးဖြတ်ခဲ့ကြပါ။ ကံဆိုးစွာနဲ့ပဲ ဆေးခြောက်ထုတ်လုပ်သူ Agnes ဟာ လူသားစား စုန်းမကြီးဆိုတာကို သူတို့ နည်းနည်းလေးမှ မရိပ်မိခဲ့ကြပါဘူး။ လူသားစား Agnes ဟာ Ashton ကို ဖမ်းမိသွားချိန်မှာတော့ ရက်ရက်စက်စက် စတင်သတ်ဖျက်စားသောက်ပါတော့တယ်။ နောက်ပိုင်းမှာရော ဘယ်သူတွေကို မိသွားမလည်း Gretel က သူ့ကောင်လေး Ashton ကို လူသားစား မိန်းမကြီး ဖမ်းထားမှန်းသိသွားရင်ရော ဘယ်လိုတွေ ဆက်ဖြစ်လာမလည်းဆိုတာကလည်း စိတ်ဝင်စားစရာပါ။ တစ်နေ့ Gretel နဲ့ Manny ရဲ့ ကောင်မလေးအလှည့် ကျရောက်လာချိန်မှာတော့... သတ်ဖြတ်မှုတွေ နည်းနည်းကြမ်းပြီး ဆေးခြောက်အခန်းတွေ အများအပြားပါတဲ့အတွက် အရမ်းငယ်သေးတဲ့ ကလေးငယ်တွေနဲ့ အတူ မကြည့်သင့်ပါလို့ ကြိုပြောထားပါရစေ...

--- ယူတတ်မယ်ဆို သင်ခန်းစာ ရစရာလေးတွေနဲ့မို့ လူငယ်တွေ အတုမမှားစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ် ---


File Size >>> 818MB
 
Copyright © 2017. Drama, Movies and Series Bluefoxsubmovies - All Rights Reserved
Template Created by ThemeXpose