John Wick: Chapter 2 (2017) - မြန်မာစာတန်းထိုး
Rating: 8.1
R | 2h 2min | Action, Crime, Thriller | 10 February 2017 (USA)
Director: Chad Stahelski
Writers: Derek Kolstad, Derek Kolstad (based on characters created by)
Stars: Keanu Reeves, Riccardo Scamarcio, Ian McShane | See full cast & crew »
အားလုံးစောင့်မျှော်နေကြတဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ၂၀၁၇ ခုနှစ်မှာ စတင်ရုံးတင်ပြသခဲ့တဲ့ John wick - Chapter 2 ဇာတ်ကားလေးကို မြန်မာစာတန်းထိုးဖြင့် ဒီတစ်ပတ်ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ Bluefoxmovies မှ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှု အပန်းဖြေနိုင်ဖို့အတွက် ရုံကွာလတီထက် သာလွန်တဲ့ (HDTS) နဲ့ တင်ပေးသွားမှာပါ။
ဒီကားလေးကို မကြည့်ရူခင်မှာ ဒီဇာတ်ကားလေးရဲ့ သိသင့်တယ်ထင်တဲ့အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။ ဗဟုသုတလည်းရ ကြည့်ရှုရတာလည်း ဇာတ်ရှိန်ပိုတတ်တာပေါ့။
--- John Wick - Chapter 2 ထူးခြားချက်များ ---
- ဒီကားမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ John Wick နေရာမှာ သရုပ်ဆောင်တဲ့
Keanu Reeves မင်းသားဟာ John Wick ကားတိုက်ခံရတဲ့ အခန်းကလွဲပြီး
ကျန်စတန့်ပြကွက် ၉၅ ရာခိုင်နှုန်းလုံးကို သူကိုယ်တိုင်လူစားမထိုးပဲ
သရုပ်ဆောင်ခဲ့တာပါ။ ဆိုလိုတာက ဒီကားမှာ Keanu Reeves ရဲ့
ကြိုးစားအားထုတ်မှုတွေကို တ၀ကြီးကြည့်ရှုရအုန်းမှာပါ။- ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chad Stahelski ဟာ 300, Matrix Trilogy, Hunger Games အစရှိတဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေမှာ Stunt မင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
- ဇာတ်လိုက်မင်းသား Keanu Reeves ဟာ ဒီကားကို သဘာဝကျကျရိုက်ကူးနိုင်ဖို့အတွက် အချိန် ၃ လတိတိယူပြီး ဂျူဒို၊ ဂျူဂျက်ဆု၊ သေနတ်ပစ် နှင့် ကားမောင်းကျွမ်းကျင်ခြင်းတို့ကို လေ့လာသင်ယူခဲ့ရပါတယ်။
- ဒီဇာတ်ကားကို ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ John Wick 1 အပြီး ၄ ရက်မြောက်တဲ့နေ့မှာ စတင်ရိုက်ကူးခဲ့တာပါ။ ကြည့်ရှုသူပရိသတ်တွေ ၂ နာရီစာလောက်လေး အနားယူစေနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားရိုက်ကူးခဲ့ကြရတာပါ။ (Admin လည်း ဒီလိုပို့စ်မျိုးရေးနိုင်ဖို့အတွက် ၁ နာရီကျော်လောက် English စာလေး မတောက်တစ်ခေါက်နဲ့ လိုက်ဖတ်ထားရတာပါ )
- PC မှာ ထွက်ရှိတဲ့ Payday 2 ဂိမ်းထဲက တစ်ချို့အခန်းတွေကိုလည်း ကိုးကားရိုက်ကူးခဲ့ပါသေးတယ်။
- ဒီဇာတ်ကားထဲက မင်းသမီးဖြစ်တဲ့ Roby Rose ဟာ Resident Evil: The Final Chapter" (December 2016) နဲ့ "xXx: The Return of Xander Cage" (January 2017) ဇာတ်ကားတို့အပြီးမှာ ဒီကားလေးကို ရိုက်ကူးခဲ့တာပါ။ အဲဒီဇာတ်ကား ၂ ကားမှာ ဇာတ်ပို့နေရာက သရုပ်ဆောင်ခဲ့ပြီး xXx ဇာတ်ကားမှာ Sniper ကိုင်ဆောင်ပြီး ဂျစ်ကန်ကန် သရုပ်ဆောင်ချက်လေးတွေဟာ ပီပြင်လွန်းလို့ Admin ကြွေဆင်းခဲ့ရတဲ့ သူလေးဆိုလည်း မမှားပါဘူး
- ဒီကားထဲက ရှရှား မာဖီးယား ညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Viggo Tarasov (Michael Nyqvist) နဲ့ Abram Tarasov (Peter Stormare) တို့ဟာ တကယ်တမ်း အပြင်လက်တွေ့ဘ၀မှာ ဆွိဒင်နိုင်ငံသားများဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဒီဇာတ်ကားလေးရဲ့ အဓိကအထူးခြားချက်လေးတွေ သိသင့်သလောက် သိပြီးနေပြီလို့ မျှော်လင့်ပါတယ်။ Admin လည်း တစ်ခြားဇာတ်ကားလေးတွေ ဆက်လုပ်ရအုန်းမှာမို့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ ခင်ဗျာ။
သဘောကြနှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးသွားရင် အရမ်းကို ၀မ်းသာပီတိဖြစ်မိမှာပါ။ (Admin အချိန်ပေးရကြိုးနပ်ပါပြီ ဗျာ) မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဖတ်ရတာပေါ့ဗျာ။ ဇာတ်ကားလေးပို့စ်တင်ပြီးရင်လည်း အားပေးကြပါအုန်း။
အမှားပါသွားခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။
ဆက်လက်ကြိုးစားပါအုန်းမည်...
File Size >>> 986MB
0 comments:
Post a Comment